၂၀၂၀ ခုနှစ်၏ (၆) ကြိမ်မြောက် (၆/၂၀၂၀) Executive Committees (ECs) အစည်းအဝေးကျင်းပခဲ့ခြင်း

၂၀၂၀ ခုနှစ်၏ (၆) ကြိမ်မြောက် (၆/၂၀၂၀) Executive Committees (ECs) အစည်းအဝေးကျင်းပခဲ့ခြင်း

၂၀၂၀ခုနှစ် ၏ (၆)ကြိမ်မြောက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) Executive Committees(ECs) အစည်းအဝေးကို ဩဂုတ်လ(၈) ရက်နေ့ (စနေနေ့) ၊ ၂၀၂၀ တွင် MGMA အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်မြန်မာနိုင်ငံ
အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ပြုလုပ်ဆောင်ရွက်နေမှုများ၊ OHS သင်တန်းမှ ကောင်းမွန်သောရလဒ် ရရှိခဲ့ခြင်းများ ၊ ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်သော MGHRDC သင်တန်းကျောင်း၏ သင်တန်းများပို့ချဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံအထည်ချူပ် လုပ်ငန်းရှင်များအသင်းအနေဖြင့် ဆက်လက်ပြုလုပ် ဆောင်ရွက်သွားမည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို MGMA ၏ Managing Director မှ စီစဉ်ဆောင်ရွက်ပြီး ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှုး၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ စုစုပေါင်း(၁၆)ယောက်တက်ရောက်ခဲ့ကြပါသည်။