Grievance Mechanism အကြောင်းမိတ်ဆက်ပေးချင်ပါတယ်။

Grievance Mechanism အကြောင်းမိတ်ဆက်ပေးချင်ပါတယ်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA က အကောင်အထည်ဖော်ဆောင်ရွက်‌နေတဲ့ Grievance Mechanism အကြောင်းမိတ်ဆက်ပေးချင်ပါတယ်။

MGMA ရဲ့ Grievance Mechanism ဟာအသင်းဝင်စက်ရုံတွေမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေအနေနဲ့ ၎င်းတို့ရဲ့နစ်နာမှု (သို့မဟုတ်) မကျေနပ်ချက်တွေကို MGMA အသင်းဆီ အလွယ်တကူတိုင်ကြားနိုင်အောင် လုပ်ပေးထားတဲ့ Website စာမျက်နှာ တစ်ခုပဲ ဖြစ်ပါတယ်။

နစ်နာမှုတိုင်တန်းလိုတဲ့အလုပ်သမားဟာ c.mgma-vlca.com ကိုသွားပြီး (သို့မဟုတ်) QR Code ကိုဖတ်ပြီး MGMA အသင်းဆီ အလွယ်တကူတိုင်ကြားနိုင်ပါတယ်။ တိုင်ကြားချက်လက်ခံရရှိတဲ့အခါ အသင်းရဲ့ အလုပ်သမားရေးရာ အရာရှိတွေက လိုအပ်သလို ဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ တိုင်ကြားသူအမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကို လျှို့ ဝှက်ပေးထားဖို့ အသင်းကြီးက အာမခံထားပါတယ်။

[video src="https://www.myanmargarments.org/wp-content/uploads/2023/11/VLCA-Complaint.mp4" /]