MGMA ရဲ့ Employers’ Package ကို ပြန်လည်စတင်ပါပြီ။

MGMA ရဲ့ Employers’ Package ကို ပြန်လည်စတင်ပါပြီ။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA ရဲ့ Employers’ Package ကို ပြန်လည်စတင်ပါပြီ။
Employers’ Package ဟာ အထည်ချုပ်လုပ်ငန်းကဲ့သို့ labor intensive ဖြစ်တဲ့ လုပ်ငန်း‌တွေရဲ့ လုပ်ငန်းရှင်တွေ၊ စီမံခန့်ခွဲရေးဝန်ထမ်းတွေကို ပေးတဲ့ ဝန်ဆောင်မှု (Service Package) ဖြစ်ပါတယ်။
Employers’ Package ဝန်ဆောင်မှုတွေကို ရယူလိုတယ်ဆိုရင်တော့ https://bit.ly/empmbf ကို သွားပြီး သို့မဟုတ် ဒီပို့စ်မှာ ပါတဲ့ QR Code ကို scan ဖတ်ပြီး membership form ကို ဖြည့်လိုက်ပါ။ MGMA ရုံးက စတင်ဆက်သွယ်လာပါလိမ့်မယ်။

Employers’ Package ဟာ အခြေခံအားဖြင့်
1. Information & Advice
2. Assistance with Dispute Resolution
3. Training & Development
ဆိုတဲ့ ဝန်ဆောင်မှုသုံးမျိုးပေးပါတယ်။
သတင်းအချက်အလက်တွေ၊ ဆွေးနွေးအကြံပေးမှုတွေကို တယ်လီဖုန်းနဲ့သော်လည်းကောင်း၊ အီးမေးလ်နဲ့သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ဝန်ဆောင်မှုပေးပါတယ်။ ထို့ပြင် https://sites.google.com/view/mgmaemp ဝက်ဆိုက်ရဲ့ member login စာမျက်မှာ အဖိုးတန်စာရွက်စာတမ်းတွေကို တစ်နှစ်အထိ ဝင်ရောက်ရယူနိုင်မှာ ဖြစ်ပါတယ်။
Assistance with Dispute Resolution အပိုင်းမှာတော့ အလုပ်သမားရေးရာ အငြင်းပွားမှုတွေ ဖြစ်တဲ့အခါ ဝင်ရောက်ကူညီဖြေရှင်းပေးတဲ့ ဝန်ဆောင်မှု‌တွေ ပေးပါတယ်။ စက်ရုံတွင်း ဆွေးနွေးညှိနှိုင်းမှုတွေအတွက် ကူညီဆောင်ရွက်ပေးတာ၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီအတွက် ချေပလွှာရေးပေးတာ၊ စတဲ့ ဝန်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။
Training & Development ကတော့ သင်တန်းများနဲ့ CSR ပိုင်း ပံ့ပိုးကူညီမှုများပဲ ဖြစ်ပါတယ်။

ဒီလိုဝန်ဆောင်မှုတွေကို ယူချင်တယ်ဆိုရင်တော့ စက်ရုံ သို့မဟုတ် ကုမ္ပဏီ အနေနဲ့သော်လည်းကောင်း၊ လူပုဂ္ဂိုလ်အနေနဲ့သော်လည်းကောင်း အသင်းဝင်ဖို့ လိုပါတယ်။

အထည်ချုပ်စက်ရုံမှာ HR Manager အဖြစ် ကိုယ့်ကိုယ်ကို ယုံယုံကြည်ကြည်နဲ့ အလုပ်လုပ်နိုင်ဖို့ဆိုရင် ဒီသင်တန်းကို မဖြစ်မနေ တက်ထားဖို့ လိုပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြောင်းအရာတွေ၊ ဥပဒေ၊ နည်းဥပဒေတွေ ကနေ အစပြုပြီး လက်တွေ့အသုံးချ အလုပ်သမား ဥပဒေ၊ ရုံးလုပ်ငန်း၊ HR Function တွေနဲ့ CSR ပိုင်းတွေကိုပါ ထဲထဲဝင်ဝင် ဆွေးနွေးသင်ကြားပေးမယ့် သင်တန်းတစ်ခု ဖြစ်ပါတယ်။
Employers’ Package ကို member ဝင်ပြီး ဒီသင်တန်းကိုသာ တက်ထားပါ။ ဘယ်အထည်ချုပ်စက်ရုံမှာမဆို HR Manager အလုပ်ကို အလုပ်ရအောင်သာ လျှောက်ခဲ့ပါ။ ကျန်တာအားလုံးကို Employers’ Package က ပံပိုးပေးပါမယ်။ ဒီသင်တန်းမှာ ပို့ချပေးခဲ့တာတွေက တကယ်လက်တွေ့သုံးရမယ့် အရာတွေ ဖြစ်နေပါလိမ့်မယ်။

Employers’ Package ကို စက်ရုံအနေနဲ့ member ဝင်ရင် ဘာတွေ ရမလဲ?
Employers’ Package ဟာ စက်ရုံတွေကို အဓိကထားပြီးပေးတဲ့ ဝန်ဆောင်မှုပါ။ စက်ရုံရဲ့ စီမံခန့်ခွဲရေး ဌာန တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ဝန်ဆောင်မှု ပေးပါတယ်။ Garment HR Management သင်တန်းကို စက်ရုံအနေနဲ့ သင်တန်းသားလွှတ်ပေးတဲ့အခါ စက်ရုံနာမည်ပါတဲ့ Certificate တွေ ရပါမယ်။ စက်ရုံတွင်း သင်တန်းတွေ လိုချင်တဲ့အခါမှာလည်း Employers’ Package က ဝန်ဆောင်မှု ပေးပါတယ်။ အလုပ်သမား ဥပဒေ အသိပညာပေးသင်တန်း၊ WCC သင်တန်း၊ OSH သင်တန်း၊ PPE အသုံးပြုမှု သင်တန်း၊ ဓါတုပစ္စည်း သုံးစွဲမှု သင်တန်း စတဲ့ သင်တန်းတွေ ပါဝင်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက ဝန်ဆောင်မှုဖြစ်တဲ့အတွက် ဝန်ဆောင်မှုအတိုင်းပဲ ရှိနေမှာ ဖြစ်ပါတယ်။ စက်ရုံတွင်း သင်တန်းတွေကို စက်ရုံဘက်က လိုချင်မှသာ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။