Industrial Engineering (IE) နည်းပညာ သင်တန်းပြုလုပ်ပေးခဲ့ခြင်း

Industrial Engineering (IE) နည်းပညာ သင်တန်းပြုလုပ်ပေးခဲ့ခြင်း

 

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ သင်တန်းကျောင်း (MGHRDC) မှ နည်းပြဆရာမများမှ Industrial Engineering (IE)နည်းပညာ သင်တန်းကို ရွှေပြည်သာမြို့နယ်အတွင်းရှိ Grand Sport International အထည်ချုပ်စက်ရုံတွင်ဇွန်လ ၉ ရက်နေ့မှ ၁၉ ရက်နေ့အတွင်းတွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းပြုလုပ်ရခြင်းမှာ ထုတ်လုပ်မှုစွမ်းအားများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် နှင့် နည်းပညာများအကြောင်းကို စာတွေ့ လက်တွေ့ ပိုမိုသိစေရန်ရည်ရွယ်၍ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းသို့ Grand Sport International မှ ဝန်ထမ်းစုစုပေါင်း ၁၇ ဦးတက်ရောက် သင်ကြားခဲ့ပါသည်။