CMP ကုန်ကြမ်း/ကုန်ချောများ တင်သွင်း တင်ပို့ရာတွင် ဖြေလျော့ ထားသည့်ကိစ္စ အသိပေးအကြောင်းကြားခြင်း။

CMP ကုန်ကြမ်း/ကုန်ချောများ တင်သွင်း တင်ပို့ရာတွင် ဖြေလျော့ ထားသည့်ကိစ္စ အသိပေးအကြောင်းကြားခြင်း။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ အကောက်ဦးစီးဌာနမှ CMP ကုန်ကြမ်း/ ကုန်ချောများ တင်သွင်း တင်ပို့ရာတွင် ပိုမိုလျင်မြန်ချောမွေ့စေရေးအတွက် ဖြေလျော့ဆောင်ရွက်ပေးလျက် ရှိကြောင်း အသိပေးအကြောင်းကြားစာကို ၂၀၂၁ ပြည့်နှစ်၊ ဇူလိုင်(၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် CMP စက်ရုံများ၊ ကုမ္ပဏီများသည် သွင်းကုန်လိုင်စင်များ လျောက်ထားရာတွင် ကုန်ကြမ်း ပေးပို့သူ၏ အချက်အလက် များအတိုင်း လျှောက်ထားသော်လည်း အမှန်အတိုင်း ပစ္စည်းရောက်ချိန်တွင် Country of Origin ဖော်ပြမထားသည့် အခြေအနေများရှိပါက Bill of Loading နှင့် Invoice ပါ အချက်အလက် များနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ တိုက်ဆိုင်စစ်ဆေး၍ မရနိုင်ပါက သက်ဆိုင်ရာ တင်သွင်း ကုမ္ပဏီ၏ Country of Origin ဝန်ခံကတိ စာရွက်စာတမ်းဖြင့် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် Mingalardon Cargo Services (MCS)မှ CMP ပို့ကုန်များ၏ Sample ပစ္စည်းများ ချိတ်စည်းခတ်နှိပ်ခြင်းကို ရုံးချုပ် (CMP Section) တွင် သွားရောက်ဆောင်ရွက်နေရသည့်အတွက် ကြန့်ကြာမှုများရှိနေသည့်အပေါ် Mingalardon Cargo Services (MCS)မှ တင်ပို့မည့် CMP ပို့ကုန်များ၏ Sample ပစ္စည်းများကို Mingalardon Cargo Services (MCS) အကောက်ခွန် တွင် ‌ဆောင်ရွက်‌ပေးမည်ဖြစ်ကြောင်း အစရှိသည်တို့ကို ရှင်းလင်းဖော်ပြထားပါသည်။