လတ်တလောအခက်အခဲများဖြစ်ပေါ်နေသော Online License Recommendation Issue များနှင့် ပတ်သက်၍ MGMAအသင်းဝင်များအား ရှင်းလင်းပြောကြားနိုင်ရန် virtual workshop ပြုလုပ်ခဲ့ခြင်း

လတ်တလောအခက်အခဲများဖြစ်ပေါ်နေသော Online License Recommendation Issue များနှင့် ပတ်သက်၍ MGMAအသင်းဝင်များအား ရှင်းလင်းပြောကြားနိုင်ရန် virtual workshop ပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)မှ လတ်တလောအခက်အခဲများ ဖြစ်ပေါ် နေသော Online License Recommendation Issue များနှင့် ပတ်သက်၍ MGMAအသင်းဝင် များအားရှင်းလင်း ပြောကြားနိုင်ရန် virtual workshop ကို ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ နေ့လည် (၃)နာရီမှ (၆)နာရီ အချိန်အတွင်းတွင် Online မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် MOC နှင့် MGMA တို့၏ System upgrade မြှင့်တင်ပြောင်းလဲမှုများ၊ System upgrade အသစ်တွင် Online License Recommendation လျှောက်ထားရမည့် ပုံစံအသစ်များအား ပြသခြင်း၊ ယခု မြှင့်တင်ထားသော System အသစ်တွင် လက်ရှိ ကြုံတွေနေရသော အခက်အခဲများနှင့် အပြောင်းအလဲများအား အထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ဦးစိုင်းမောင်(တွဲဖက်အတွင်းရေးမှူး) နှင့် တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားပြသခဲ့ပြီး စက်ရုံများမှ စုစုပေါင်း (၉၈) ယောက်တက်ရောက် ခဲ့ကြပါသည်။