Terms of Membership
Myanmar Garment Manufacturers Association
Terms of Membership
၁။ အသင်းဝင်ဖြစ်ခြင်း
အသင်းဝင်အရည်အချင်း
အောက်ဖော်ပြပါ ပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် စီးပွားရေးလုပ်ကိုင်နေသော အဖွဲ့အစည်းများသည် အသင်းဝင်အဖြစ်ပါဝင်လျှောက်ထားနိုင်သည်။
- မြန်မာနိုင်ငံအတွင်း လိုအပ်သောလုပ်ငန်းသုံးပစ္စည်းများ ပြည့်စုံစွာရှိပြီး အဓိကအဝတ်အထည်ထုတ်လုပ်သော တစ်ဦးတည်းပိုင်၊ အစုစပ်လုပ်ငန်း သို့မဟုတ်ကုမ္ပဏီ (နိုင်ငံသား/နိုင်ငံခြားသား) မည်သူမဆို ဝင်ခွင့်ရှိသည်။[1]
- တည်ဆဲဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အထည်လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းမှ ပုဂ္ဂိုလ်များ။[2]
အသင်းဝင်ကြေး
အဖွဲ့အစည်းတွင်အသင်းဝင်လိုသူများသည် လျှောက်လွှာတင်သည့်အချိန်တွင် သတ်မှတ်ထားသော အသင်းဝင်ကြေးနှင့် အဖွဲ့အစည်း၏ သက်ဆိုင်ရာဌာနများအတွက် ပေးသင့်သော ကျသင့်ကြေးများကို ပေးဆောင်ရပါမည်။
အသင်းဝင်အမျိုးအစား
MGMA သည် အဝတ်အထည်ထုတ်လုပ်သူများ (အထည်ချုပ်စက်ရုံများ) အား Regular Memberအဖြစ်သတ်မှတ်လက်ခံပြီး နှင့် ပစ္စည်းပေးသွင်းသူများ၊ စစ်ဆေးသူများ၊ ဒီဇိုင်နာများနှင့် အဝတ်အထည်လုပ်ငန်းနယ်ပယ်ရှိ အခြားပါဝင်သူများအပါအဝင် သက်ဆိုင်သူများအား Affiliate Member အဖြစ်သတ်မှတ်လက်ခံပါသည်။[3]
၂။ အသင်းဝင်ဖြစ်ခြင်းအကျိုး
MGMA အသင်းဝင်များသည် အသင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ဝန်ဆောင်မှုနှင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။[4]
၃။ အသင်းဝင်တာဝန်ဝတ္တရားများ
MGMA အသင်းဝင်အားလုံးသည် အောက်ပါ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန်တာဝန်ရှိသည်။
(က) အသင်းဝင်အဖြစ် ဆက်လက်ရှိနေရန် အသင်းက သတ်မှတ်ထားသော နှစ်စဉ်ကြေးကို သတ်မှတ်ထားသောအချိန်အတွင်း ပေးဆောင်ရမည်။
(ခ) အသင်းက အထူးဝန်ဆောင်မှုများအတွက် ထပ်မံပေးဆောင်ရန် သတ်မှတ်ထားသည့် ထပ်ဆောင်းကြေးများကိုလည်း ပေးဆောင်ရမည်။ ထိုကြေးများတွင် သွင်းကုန်လိုင်စင်ထောက်ခံချက် ဝန်ဆောင်ခ၊ သင်တန်းကြေး စသည်ဖြင့် ပါဝင်နိုင်သည်။
(ဂ) အသင်းဝင်စက်ရုံများသည် တစ်နှစ်တာအတွင်း တင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်းများ၏ အနည်းဆုံး ၇၀% ကို ပြန်လည်တင်ပို့ပြီးဖြစ်စေရန် သေချာစွာဆောင်ရွက်ရမည်။ ထိုအတိုင်း မပြည့်မီပါက MGMA Online System မှတစ်ဆင့် တင်သွင်းခွင့်လိုင်စင်ထောက်ခံချက် လျှောက်လွှာတင်၍မရ ဖြစ်နေမည်ဖြစ်သည်။ (CMP ကြီးကြပ်ရေးကော်မတီ၏ လိုအပ်ချက်)
(ဃ) နိုင်ငံ၏ အလုပ်သမားဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်းပြသနိုင်ရန် VLCA Submission Form ကို နှစ်စဉ် ဖြည့်သွင်းတင်သွင်းရမည်။
(င) အသင်းက ချမှတ်သော တာဝန်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ တာဝန်ယူဆောင်ရွက်ရမည်။ MGMA ၏ လိုက်နာရန်ကျင့်ဝင်စည်းကမ်းများနှင့် သက်ဆိုင်ရာ ဥပဒ ရေးရာစံနှုန်းများကို လိုက်နာရန် မဖြစ်မနေ လိုအပ်သည်။
(စ) အသင်းက လုပ်ငန်းကဏ္ဍအကျိုးအတွက် စုဆောင်းကောက်ခံသော စက်မှုလုပ်ငန်းနှင့်ဆိုင်ရာ သတင်းအချက်အလက်များကို ပံ့ပိုးပေးရမည်။
(ဆ) လုပ်ငန်းလည်ပတ်မှုအခြေအနေ သို့မဟုတ် ဆက်သွယ်ရန်အချက်အလက်များ ပြောင်းလဲမှုများရှိပါက အသင်းသို့ ချက်ချင်းသတင်းပေးပို့ရန် တာဝန်ရှိသည်။
(ဇ) လုပ်ငန်းကဏ္ဍဖြိုးတိုးတက်ရေးဆိုင်ရာ အသင်း၏ လှုပ်ရှားမှုများတွင် ဝင်ရောက်ပံ့ပိုးရန် တာဝန်ရှိသည်။
(ဈ) MGMA မှ ကျင်းပသော အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ အပါအဝင် လှုပ်ရှားဆောင်ရွက်မှုများတွင် တက်ရောက်ပါဝင်ရန် လိုအပ်သည်။
အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာပါက အသင်းဝင်အဖြစ် ရပ်နားခြင်း သို့မဟုတ် ဖယ်ရှားခြင်း အပါအဝင် အရေးယူမှုများ ခံနိုင်သည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း