FAQ
Frequent Asked Questions
အသင်းသားရေးရာ
အသင်းဝင်လျှောက်ဖို့ ဘယ်ကစလုပ်ရမလဲ?
အသင်းဝင်လျှောက်ထားရန် လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ရုံးသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရုံး လိပ်စာ၊ အီးမေးလ်နှင့် ဖုန်းနံပါတ်များ –
Address: 9th Floor, UMFCCI Tower, No. 29th, Min Ye Kyaw Swar Road, Lanmadaw Township, Yangon.
Email: [email protected]
Email: [email protected]
Phone: 01-2300253, 01-2314829 Ext: 13
Phone: 09-443399441, 09-443399442
အသင်းဝင်လျှောက်ဖို့ ဘာတွေလိုပါသလဲ?
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အသင်းဝင်လျှောက်ထားရန်အတွက် အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါသည်။
Export & Import (CMP) Garment
- MGMA Membership Application Form
Download application form - Recommendation (or) Registration Certificate from Ministry of Industry, Directorate of Industrial Supervision and Inspection
- Myanmar Investment Commission permit copy (MIC)
- Copy of Proposal submit to Myanmar Investment Commission (MIC)
- Ministry of Investment and Foreign Economic Relations, Directorate of Investment and Company Administration (DICA)*
- Taxpayer Identification Certificate of Ministry of Planning and Finance, Internal Revenue Department
- Certificate of Exporter/Importer Registration with the Ministry of Commerce
- Registered Director List (Extract Form) of the Ministry of Investment and Foreign Economic Relations, Directorate of Investment and Company Administration (DICA)
- Photocopy of Passport (or) National Registration Card of the applicant person
- Two (1 x 1 inch) sized photos of the membership applicant person
- Member card (or) Recommendation letter from Garment Cluster Association in Myanmar of {Chinese Textile & Garment Association in Myanmar (CTGA), Hong Kong Myanmar Manufacturers’ Association (HKMMA), Japan Garment Manufacturers Association in Myanmar (JGMA) and Korea Garment Association in Myanmar (KOGAM)}
Local Garment Company
- MGMA Membership Application Form
MGMA Membership Application Form - Myanmar Investment Commission permit copy (MIC) (if local/domestic investor, YCDC permit only)*
- Recommendation (or) Registration Certificate from Ministry of Industry, Directorate of Industrial Supervision and Inspection
- Ministry of Investment and Foreign Economic Relations, Directorate of Investment and Company Administration (DICA)*
- Taxpayer Identification Certificate of Ministry of Planning and Finance, Internal Revenue Department
- Registered Director List (Extract Form) of the Ministry of Investment and Foreign Economic Relations, Directorate of Investment and Company Administration (DICA)
- Photocopy of passport (or) National Registration Card of the applicant person
- Two (around 1″) sized photos of the membership applicant person
အသင်းဝင်ကြေးဘယ်လောက်လဲ? နှစ်စဥ်ကြေးဘယ်လောက်လဲ? တခြားဘာတွေပေးဖို့ရှိသေးလဲ?
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အသင်းဝင်ကြေးနှင့် နှစ်စဥ်ကြေးများမှာ –
- နိုင်ငံခြားကုမ္ပဏီ (Foreign Investment) သို့မဟုတ် Joint Venture ကုမ္ပဏီများအတွက်
- အသင်းဝင်ကြေး – ၁၀၀,၀၀၀ ကျပ်
- နှစ်စဥ်ကြေး – ၃၀၀,၀၀၀ ကျပ်
- မြန်မာကုမ္ပဏီများအတွက်
- အသင်းဝင်ကြေး – ၁၀၀,၀၀၀ ကျပ်
- နှစ်စဥ်ကြေး – ၁၀၀,၀၀၀ ကျပ်
အထက်ပါအသင်းဝင်ကြေးနှင့် နှစ်စဥ်ကြေးအပြင် သင်တန်းကျောင်းနှင့် အခြားဝင်ဆောင်မှုများအတွက် ထည့်ဝင်ကြေး ပေးရန်လိုအပ်ပါသည်။ ထည့်ဝင်ကြေး နှုန်းထားများမှာ –
- နိုင်ငံခြားကုမ္ပဏီ (Foreign Investment) သို့မဟုတ် Joint Venture ကုမ္ပဏီများအတွက်
- USD 1,000
- မြန်မာကုမ္ပဏီများအတွက်
- ၅၀၀,၀၀၀ ကျပ်
အသင်းဝင်စက်ရုံတွေရဲ့ အချက်အလက်တွေကို ဘယ်မှာကြည့်လို့ရနိုင်သလဲ?
MGMA အသင်းမှထုတ်ထားသော MGMA Member List စာအုပ်တွင် အသင်းဝင်စက်ရုံများ၏ အသေးစိတ်အချက်အလက်များ ဖော်ပြထားပါသည်။ အသင်း၏ Website တွင်ရှိသော ဤစာမျက်နှာ တွင်လည်း ကြည့်ရှုနိုင်ပါသည်။
Member List စာအုပ်မှာ ဘယ်လိုအချက်တွေပါပါသလဲ?
MGMA Member List စာအုပ်တွင် အသင်းဝင်စက်ရုံများ၏ အမည်၊ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ တင်ပို့သောနိုင်ငံ၊ ချုပ်လုပ်သောအထည်အမျိုးအစား၊ လုပ်သားဦးရေ စသည်တို့ ပြည့်စုံစွာ ဖော်ပြထားပါသည်။
MGMA Member List စာအုပ်က ရောင်းတာလား? ရောင်းတာဆိုရင် ဈေးနှုန်းဘယ်လောက်လဲ? ဘယ်လိုဝယ်ရမလဲ?
ဟုတ်ကဲ့၊ MGMA Member List စာအုပ်ကို ရောင်းချပေးခြင်းဖြစ်ပါသည်။ MGMA အသင်းဝင်ဖြစ်ပါက တစ်အုပ်လျှင် ၅၀,၀၀၀ ကျပ်၊ MGMA အသင်းဝင်မဟုတ်ပါက တစ်အုပ်လျှင် USD 35 (Current Exchange Rate ဖြင့်တွက်၍ ကျပ်ငွေဖြင့်လည်း ပေးချေနိုင်) ဖြင့် ရောင်းချပေးပါသည်။ ဝယ်ယူလိုပါက အသင်းရုံးသို့ ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်သိလိုပါက 01-2300253 ၊ 01-2314829 ၊ Ext: 12 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အော်ဒါအပ်ချင်တဲ့ Supplier တွေ ဘယ်စက်ရုံက ဘာချုပ်သလဲ သိချင်ရင် ဘယ်လိုစုံစမ်းရမလဲ?
MGMA Member List စာအုပ်တွင်ပါရှိသော စက်ရုံအချက်အလက်များမှတဆင့် ဆက်လက်စုံစမ်းသိရှိနိုင်ပါသည်။
စက်ရုံ ယာယီ/အပြီး ပိတ်သိမ်းမယ်ဆိုရင် အသင်းရုံးကို အကြောင်းကြားဖို့လိုပါသလား?
လိုပါသည်။ မဖြစ်မနေအကြောင်းကြားရန်လိုပါသည်။ စက်ရုံ ယာယီ/အပြီး ပိတ်သိမ်းခြင်းအတွက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန (အလရ) သို့ ပေးပို့ရသော အကြောင်းကြားစာ မိတ္တူတစ်စောင်ကို အသင်းရုံးသို့လည်း ပေးပို့အကြောင်းကြားရပါမည်။
သွင်းကုန်လိုင်စင်ထောက်ခံချက်
CMP သွင်းကုန်လိုင်စင်အတွက် ထောက်ခံချက်ကို Online System နဲ့ လျှောက်ထားမယ်ဆိုရင် ဘယ်လိုလျှောက်ထားရမှာလဲ?
MOC ၏ Trade Net 2.0 Member ဖြစ်ရန်လိုအပ်ပြီး MGMA Online Portal မှတဆင့် ဝင်ရောက်လျှောက်ထားရမှာ ဖြစ်ပါသည်။
CMP သွင်းကုန်လိုင်စင်အတွက် ထောက်ခံချက်ကို Online System နဲ့ လျှောက်ထားမယ်ဆိုရင် ဘယ်အချိန်တွေလျှောက်ထားလို့ရပါသလဲ?
အင်တာနက်ရရှိသော မည်သည့်နေရာကနေမဆို (၂၄) နာရီ ပိတ်ရက်မရှိ လျှောက်ထားနိုင်ပါသည်။
CMP သွင်းကုန်လိုင်စင်အတွက် ထောက်ခံချက်ဝန်ဆောင်မှု ဘယ်နှမျိုးရှိပါသလဲ?
CMP သွင်းကုန်လိုင်စင်အတွက် ထောက်ခံချက်ဝန်ဆောင်မှု နှစ်မျိုးရှိပါသည်။ ၎င်းတို့မှာ Normal Service နှင့် Express Service ဟူ၍ ဖြစ်ပါသည်။
Normal Service နှင့် Express Service နှစ်ခုက ဘယ်လိုကွာပါသလဲ?
CMP သွင်းကုန်လိုင်စင်အတွက် ထောက်ခံချက်ဝန်ဆောင်မှု နှစ်မျိုးဖြစ်သော Normal Service နှင့် Express Service တို့အတွက် ဝန်ဆောင်မှုကြာမြင့်ချိန် နှင့် ဝန်ဆောင်ခနှုန်းထား များ ကွာခြားပါသည်။
Normal Service ဖြင့်လျှောက်ထားမည်ဆိုလျင် လျှောက်ထားချိန်မှ (၄၈) နာရီအတွင်း ထောက်ခံချက်ရရှိမှာဖြစ်ပြီး ထောက်ခံချက်တစ်စောင်အတွက် ၂၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါသည်။
Express Service ဖြင့်လျှောက်ထားမယ်ဆိုလျင်တော့ ရုံးဖွင့်ရက် နေ့လည် (၁၂) နာရီမတိုင်မီတင်သော လျှောက်လွှာများအား နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။ ရုံးဖွင့်ရက် နေ့လည် (၁၂) နာရီကျော်မှတင်သော လျှောက်လွှာများအား နောက်တစ်နေ့ နေ့လည် (၁၂) နာရီမတိုင်ခင် ဆောင်ရွက်ပေးပါသည်။ ဝန်ဆောင်ခမှာ ထောက်ခံချက်တစ်စောင်အတွက် ၈၀,၀၀၀ ကျပ် ဖြစ်ပါသည်။
CMP သွင်းကုန်လိုင်စင် ထောက်ခံချက်ဝန်ဆောင်မှုအတွက် System ကနေ ငွေသွင်းမယ်ဆိုရင် သတ်မှတ်ထားတဲ့ ဘဏ်ရှိပါသလား?
မရှိပါ။ E-Commerce ဖွင့်ထားသော မည်သည့်ဘဏ်၏ MPU Card ဖြင့်မဆို ငွေသွင်းလို့ရနိုင်ပါသည်။
CMP သွင်းကုန်လိုင်စင် ထောက်ခံချက်ကိစ္စရပ်များနဲ့ပတ်သက်လို့ ဘယ်ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းနိုင်သလဲ?
CMP သွင်းကုန်လိုင်စင် ထောက်ခံချက်ကိစ္စရပ်များနဲ့ပတ်သက်လို့ 09-443399441 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
CMP သွင်းကုန်လိုင်စင် ထောက်ခံချက် လျှောက်ထားမှုလုပ်ငန်းစဥ်နဲ့ပတ်သက်လို့ ဘယ်လိုလေ့လာရမလဲ?
အသင်း၏ Website Site www.myanmargarments.org တွင် News & Event အောက်ရှိ CMP Information စာမျက်နှာ၌ ကြည့်ရှုနိုင်ပါသည်။ https://mgmaonlineportal.com/member/login စာမျက်နှာ၌လည်း Download ရယူကြည့်ရှုနိုင်ပါသည်။
CMP သွင်းကုန်လိုင်စင် ထောက်ခံချက် လျှောက်ထားမှုလုပ်ငန်းစဥ်နဲ့ပတ်သက်လို့ MGMA မှာ သင်တန်းပေးတာရှိပါသလား?
ရှိပါသည်။ MGMA မှပို့ချပေးသော သင်တန်းနှင့်ပတ်သက်၍ 09-443399441 သို့မဟုတ် 09-443399442 တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
CMP သွင်းကုန်လိုင်စင်ရပြီးတဲ့နောက် Amend ပြင်ဆင်ခွင့်ရှိပါသလား?
ပြင်ဆင်မည့် Raw Material မှာ Zero Balance ဖြစ်လျင် လိုင်စင် Amend ပြင်ဆင်ခွင့်ရှိပါသည်။ ပြင်ဆင်မယ်ဆိုလျှင် https://mgmaonlineportal.com/member/login မှသာ ဝင်ရောက်ပြင်ဆင်ရမှာဖြစ်ပါသည်။
အခြားထောက်ခံချက်များ
Repair & Return ထောက်ခံချက်ယူမယ်ဆိုရင် ဘာစာရွက်စာတမ်းတွေ လိုပါသလဲ?
Repair & Return ထောက်ခံချက်အတွက် လိုအပ်သော စာရွက်စာတမ်းများမှာ –
- ED No. & Date ၊ ပြန်ဝင်မည့်အထည်အရေအတွက်၊ ပြန်ပို့ရသည့် အကြောင်းအရင်း၊ ပြန်ပို့မည့်နိုင်ငံ စသည့်အချက်အလက်များပါဝင်သော Company Letter
- Import ပြန်သွင်းမည့် အထည်အရေအတွက် ပါဝင်သည့် Invoice & Packing List
- Buyer ဘက်မှပို့သော E-mail
- Allowed Shipment (ED Copy)
တို့ဖြစ်ပါသည်။
Re-Export Permit အတွက် ထောက်ခံချက်ယူမယ်ဆိုရင် ဘာစာရွက်စာတမ်းတွေ လိုပါသလဲ?
Re-Export (Permit) အတွက် ထောက်ခံချက်ယူမည်ဆိုလျင် လိုအပ်သော စာရွက်စာတမ်းများမှာ –
- ID No. & Date ၊ ပြန်ပို့မည့်ပိတ် Meter (OR) KG ၊ ပြန်ပို့ရသည့်အကြောင်းအရင်း၊ ပြန်ပို့လိုသည့်နိုင်ငံ စသည့် အချက်အလက်များပါဝင်သော Company Cover Letter
- ပြန်ထွက်မည့်ပစ္စည်းအမျိုးအစားပါဝင်သော Invoice & & Packing List
- Buyer ဘက်မှ ပို့သော Email
- Release Order (ID Copy)
- Import License Copy
တို့ဖြစ်ပါသည်။
Export Label တွင် % Composition ကွဲလွဲမှုအတွက် ထောက်ခံချက်ယူမယ်ဆိုရင် ဘာစာရွက်စာတမ်းတွေ လိုပါသလ?
Export Label % Composition ကွဲလွဲမှု ထောက်ခံချက်ယူမည်ဆိုလျင် လိုအပ်သော စာရွက်စာတမ်းများမှာ –
- ID No. & Date ၊ ပိတ်အမျိုးအမည်၊ ကွဲလွဲရသည့်အကြောင်းအရင်း၊ စသည့်အချက်အလက်များပါဝင်သော Company Cover Letter
- ပြန်ပို့မည့်ပိတ်စရာခိုင်နှုန်း နှင့် ပြန်ပို့မည့် အထည်အရေအတွက် ပါဝင်သော Invoice & Packing List
- Release Order (ID Copy)
- Import License Copy
တို့ဖြစ်ပါသည်။
Country of Origin ကို ဘယ်လိုလျှောက်ထားလို့ ရပါသလဲ?
Country of Origin ကို https://member.umfcci.com.mm/#/access/signin မှတဆင့် ဝင်လျှောက်ထားရမှာဖြစ်ပြီး System တွင် Attach လုပ်ရမည့် ဖိုင်များမှာ –
- တင်ပို့သောနိုင်ငံ၊ အထည်အမျိုးအစား၊ Quantity & Ctn စသည့် အချက်အလက်များပါဝင်သော Company Cover Letter
- Invoice & Packing List
- Bill of Loading (BL)
- Allowed Shipment (ED)
တို့ဖြစ်ပါသည်။
Repair & Return ၊ Re-Export (Permit) ၊ % Composition ၊ Country of Origin ၊ Amend ထောက်ခံချက် ကိစ္စတွေနဲ့ပတ်သက်ပြီး စုံစမ်းခြင်ရင် ဘယ်ဖုန်းနံပါတ်တွေကို ဆက်သွယ်လို့ရပါသလဲ?
Repair & Return ၊ Re-Export (Permit) ၊ % Composition ၊ Country of Origin နှင့် Amend ထောက်ခံချက် ကိစ္စများအတွက် 09-443399442 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Import/Export သတင်းအချက်အလက်နဲ့ အခြားသတင်းအချက်အလက်တွေကို Members တွေအနေနဲ့ ဘယ်လိုသိနိုင်ပါသလဲ?
MGMA Online Recommendation Service (Viber Channal) ကို Join ထားနိုင်သလို၊ MGMA Facebook Page နှင့် အသင်း၏ Website စာမျက်နှာတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
kg ရှင်းလင်းခြင်း
KG ရှင်းလင်းခြင်းဆိုတာဘာလဲ?
KG ရှင်းလင်းခြင်းဆိုသည်မှာ CMP စက်ရုံအနေဖြင့် 100% Re-export အတွက် သွင်းကုန်အခွန်ကင်းလွတ်ခွင့် ခံစားပြီး တင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်းများ (ဥပမာ – ပိတ်လိတ်များ) ကို အထည်ချုပ်လုပ်၍ အမှန်တကယ် ပြန်လည်တင်ပို့ခြင်းရှိမရှိ စစ်ဆေးခြင်းဖြစ်ပါသည်။ တင်သွင်းခဲ့သောပစ္စည်းများနှင့် ပြန်လည်တင်ပို့ခဲ့သောပစ္စည်းများ၏ ပမာဏကို အများအားဖြင့် Kilogram (KG) ဖြင့် ဖော်ပြ၍ နှိုင်းယှဥ်တွက်ချက်ခြင်းဖြစ်သောကြောင့် KG ရှင်းလင်းခြင်းဟု ခေါ်ပါသည်။
KG ရှင်းလင်းရန် သတ်မှတ်ကာလ၊ သတ်မှတ်ရက် ရှိပါသလား?
ရှိပါသည်။ နှစ်တစ်နှစ်၏ သုံးလပတ်တစ်ခုစီအတွက် KG စာရင်းများကို နောက်လာမည့် တစ်လခွဲ (၄၅ ရက်) ကာလအတွင်း အသင်းရုံးသို့ လာရောက်ပေးပို့ပြီး KG စစ်ဆေးမှုခံယူရပါမည်။ ၎င်းကို KG ရှင်းလင်းခြင်းဟု ခေါ်ပါသည်။
CMP စက်ရုံအနေဖြင့် သုံးလအတွင်းဆောင်ရွက်ခဲ့သော သွင်းကုန်နှင့် ပို့ကုန်များ၏ Release Order (ID) နှင့် Allowed Shipment (ED&BL) များကို –
- Jan ၊ Feb နှင့် Mar သုံးလစာအတွက် နောက်လာမည့် May လ ၁၅ ရက်နောက်ဆုံး
- Apr ၊ May နှင့် Jun သုံးလစာအတွက် နောက်လာမည့် Aug လ ၁၅ ရက်နောက်ဆုံး
- Jul ၊ Aug နှင့် Sep သုံးလစာအတွက် နောက်လာမည့် Nov လ ၁၅ ရက်နောက်ဆုံး
- Oct ၊ Nov နှင့် Dec သုံးလစာအတွက် နောက်လာမည့်နှစ် Feb လ ၁၅ ရက်နောက်ဆုံး
MGMA ရုံးသို့ ဆက်သွယ်ပေးပို့ခြင်းဖြင့် KG ရှင်းလင်းရပါမည်။
တင်သွင်းခဲ့သော ကုန်ပစ္စည်းပမာဏ၏ အနည်းဆုံးမည်မျှကို ပြန်လည်တင်ပို့ပြီးဖြစ်ရမည်ဟု သတ်မှတ်ထားတာရှိပါသလား?
ရှိပါသည်။ တင်သွင်းခဲ့သော ကုန်ပစ္စည်းပမာဏ (KG စုစုပေါင်း) ၏ အနည်းဆုံး 70% ကို ပို့ကုန်တင်ပို့ပြီးဖြစ်ရပါမည်။
ပို့ကုန်တင်ပို့မှုက သွင်းကုန်ပမာဏရဲ့ 70% အောက်ဖြစ်နေရင် သွင်းကုန်လိုင်စင်ထောက်ခံချက် လျှောက်ထားနိုင်ပါသလား?
မရပါ။ https://mgmaonlineportal.com/member/login တွင် Login ဝင်ပြီးနောက် လိုင်စင်ထောက်ခံချက်လျှောက်ထားရန် New Application ခေါ်၍မရ ဖြစ်နေပါလိမ့်မည်။
CMP စက်ရုံအနေဖြင့် ပြည်တွင်းမှဝယ်ယူသော ကုန်ကြမ်းပစ္စည်းများအတွက် KG ရှင်းလင်းရန်လိုပါသလား?
လိုပါသည်။ ဝယ်ယူထားသော ဘောင်ချာ (Sale Invoice) များ တင်ပြ၍ ရှင်းလင်းရပါမည်။
KG ရှင်းလင်းခြင်းနှင့်ပတ်သက်၍ မည်သည့်ဖုန်းကို ဆက်သွယ်မေးမြန်းနိုင်ပါသလဲ?
KG ရှင်းလင်းမှုအတွက် 01-2314829, Ext: 17 သို့ ဆက်သွယ်မေမြန်းနိုင်ပါတယ်။
မိမိကုမ္ပဏီ၏ KG စာရင်းရှင်းတမ်း စစ်ဆေးမှုရလာဒ်ကို ဘယ်လိုသိရှိနိုင်ပါသလဲ?
CMP စက်ရုံမှ ပေးပို့သော သုံးလစာ သွင်းကုန်နှင့် ပို့ကုန်စာရင်းများ {Release Order (ID) နှင့် Allowed Shipment (ED & BL) များ} ကို နောက်လာမည့် သုံးလအတွင်း (ဥပမာ – Jan, Feb, Mar သုံးလစာအတွက် Apr, May, Jun သုံးလအတွင်း) အပြီးစစ်ဆေး၍ https://mgmaonlineportal.com/member/login တွင် တင်ထားပေးပါသည်။ မိမိ၏ သက်ဆိုင်ရာ Username နှင့် Password ကိုသုံး၍ Login ဝင်ပြီး ကြည့်ရှုနိုင်ပါတယ်။
သင်တန်းရေးရာ
MGMA မှာ သင်တန်းကျောင်းရှိပါသလား? ရှိလျှင် ဘာသင်တန်းတွေ တက်လို့ရပါသလဲ?
ရှိပါသည်။ MGMA ၏ သင်တန်းကျောင်းမှာ အင်းစိန်မြို့နယ်၊ စဥ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်၊ စောင်နှစ်မှတ်တိုင်တွင်ရှိပြီး အမည်မှာ Myanmar Garment Human Resource Development Center (MGHRDC) ဖြစ်ပါသည်။
MGHRDC သင်တန်းကျောင်းလိပ်စာက ဘာလဲ? လိုင်းကားစီးပြီးလာရင် ဘယ်မှတ်တိုင်မှာ ဆင်းရမလဲ?
MGHRDC သည် အမှတ် ၄၀၀(ဘီ)၊ အောက်မင်္ဂလာဒုံလမ်းမ၊ စဥ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်တွင်ရှိပြီး လိုင်းကားစီးလာလျှင် စောင်နှစ်မှတ်တိုင် (Denko ဆီဆိုင်ဘေး) တွင် ဆင်းရမည်ဖြစ်ပါသည်။
အခြေခံမော်တာစက်ချုပ်သင်တန်းကို ဘယ်လိုတက်ရမလဲ? ဘာတွေလိုသလဲ?
အခြေခံမော်တာစက်ချုပ်သင်တန်းကို အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်၊ စောင်နှစ်မှတ်တိုင်၊ အမှတ် ၄၀၀(ဘီ)၊ Denko ဆီဆိုင်ဘေးမှာရှိတဲ့ MGHRDC မှာတက်ရောက်နိုင်ပါသည်။ သင်တန်းကာလမှာ ၁၅ ရက်ဖြစ်ပြီး အသက် ၁၆ နှစ်မှ ၄၀ နှစ်အထိ တက်ရောက်နိုင်ပါသည်။ လိုင်စင်ဓါတ်ပုံ ၂ ပုံ၊ မှတ်ပုံတင်မိတ္တူနှင့် ရပ်ကွက်ထောက်ခံစာများလိုပါသည်။ သင်တန်းမှာ အခမဲ့သင်တန်းဖြစ်သည့်အပြင် သင်တန်းပြီးဆုံးအောင် တက်ရောက်ပါက ထောက်ပံ့ကြေး ၁၅,၀၀၀ ကျပ်ကို သင်တန်းမှ ထုတ်ပေးပါသည်။
သင်တန်းရက်နှင့် သင်တန်းအချိန်များမှာ တနင်္ဂလာမှ သောကြာနေ့အထိ မနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ပါသည်။ စနေ၊ တနင်္ဂနွေ သင်တန်းမရှိသေးပါ။ သင်တန်းအတွက် အဆောင်မပေးပါ။ သင်တန်းကျောင်းအနီးတဝိုက် အဆင်ပြေပြေနေနိုင်မည့် အဆောင်များကိုတော့ စုံစမ်းမေးမြန်းပေးပါသည်။ ယောက်ျားလေးများလည်း တက်ရောက်နိုင်ပါသည်။ သို့သော် လူဦးရေ အကန့်အသတ်ရှိပါသည်။
သင်တန်းပြီးဆုံးပြီးနောက် အထည်ချုပ်စက်ရုံတွင် အလုပ်ဝင်ရောက်လုပ်ကိုင်လိုသူများကိုလည်း အထည်ချုပ်စက်ရုံများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိရေး စီစဥ်ဆောင်ရွက်ပေးပါသည်။
အဆင့်မြင့်မော်တာစက်ချုပ်သင်တန်းကို ဘယ်လိုတက်ရမလဲ? ဘာတွေလိုသလဲ?
အခြေခံမော်တာစက်ချုပ်သင်တန်းကို အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်၊ စောင်နှစ်မှတ်တိုင်၊ အမှတ် ၄၀၀(ဘီ)၊ Denko ဆီဆိုင်ဘေးမှာရှိတဲ့ MGHRDC မှာတက်ရောက်နိုင်ပါသည်။ သင်တန်းကာလမှာ ၁၀ ရက်ဖြစ်ပြီး အသက် ၁၆ နှစ်မှ ၄၀ နှစ်အထိ တက်ရောက်နိုင်ပါသည်။ လိုင်စင်ဓါတ်ပုံ ၂ ပုံ၊ မှတ်ပုံတင်မိတ္တူနှင့် ရပ်ကွက်ထောက်ခံစာများလိုပါသည်။ သင်တန်းကြေးမှာ တစ်ဦးလျှင် ၃၀,၀၀၀ ကျပ် ဖြစ်ပါသည်။ အခြေခံပညာ အလယ်တန်းအဆင့် ရှိသူဖြစ်ရန် လိုပါသည်။
သင်တန်းရက်နှင့် သင်တန်းအချိန်များမှာ တနင်္ဂလာမှ သောကြာနေ့အထိ မနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ပါသည်။ စနေ၊ တနင်္ဂနွေ သင်တန်းမရှိသေးပါ။ သင်တန်းအတွက် အဆောင်မပေးပါ။ သင်တန်းကျောင်းအနီးတဝိုက် အဆင်ပြေပြေနေနိုင်မည့် အဆောင်များကိုတော့ စုံစမ်းမေးမြန်းပေးပါသည်။ ယောက်ျားလေးများလည်း တက်ရောက်နိုင်ပါသည်။ သို့သော် လူဦးရေ အကန့်အသတ်ရှိပါသည်။
သင်တန်းပြီးဆုံးပြီးနောက် အထည်ချုပ်စက်ရုံတွင် အလုပ်ဝင်ရောက်လုပ်ကိုင်လိုသူများကိုလည်း အထည်ချုပ်စက်ရုံများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိရေး စီစဥ်ဆောင်ရွက်ပေးပါသည်။
အဆင့်မြင့်မော်တာစက်ချုပ်သင်တန်းမှာ ဘာတွေ သင်သလဲ?
အဆင့်မြင့်မော်တာစက်ချုပ်သင်တန်းတွင် အောက်ပါတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးပါသည်။
- Button Hole Machine, Button attach Machine, Bartacking Machine, 4Thread and 5Thread overlock Machine, 2 Needle,
- Single needle automachine ဖြင့် Sheet 3 မျိုးအား သတ်မှတ်ချိန်အတွင်းဝင်အောင် လေ့ကျင့်ခြင်း
- အိတ်ဖုံးအဝိုင်း၊ ဒေါင့်ချိုး၊ ပုခုံးထောက်၊ အိတ်ကပ်ချုပ်နည်း၊ ကော်လံချုပ်နည်း၊ ကော်လံနှင့်ဘန်တွဲနည်း၊ ရှေ့ခြမ်းလျှာတပ်နည်း၊ လက်ဖတ် လက်ဒေါက်နှင့် လက်တွဲနည်း
- Shirt အင်္ကျီ တစ်ထည်လုံးချုပ်နည်း
- ရိုးရိုးဇစ် နှင့် ဇစ်ပျောက်တပ်နည်း၊ ဘေးဖေါက်အိတ်ချုပ်နည်း
- Skirt တစ်ထည်လုံး cutting လုပ်နည်း၊ ချုပ်နည်း
- သင်္ဘောသားလျှာခွဲ ချုပ်နည်း ၂ မျိုး၊ ဖေါက်အိတ် အလုံး၊ အပြားချုပ်နည်း၊ ဖေါက်အိတ်ထဲကို အိတ်ဖုံးထည့်ချုပ်နည်း တို့အပြင် သင်တန်းသား၏ အရည်အချင်းပေါ်မူတည်၍ Style pants ချုပ်နည်းတို့ပါသင်ကြားပို့ချပေးပါသည်။
IE (Industrial Engineering) သင်တန်းကို ဘယ်လိုတက်ရမလဲ? ဘာတွေလိုသလဲ?
IE (Industrial Engineering) သင်တန်းကို အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်၊ စောင်နှစ်မှတ်တိုင်၊ အမှတ် ၄၀၀(ဘီ)၊ Denko ဆီဆိုင်ဘေးမှာရှိတဲ့ MGHRDC မှာတက်ရောက်နိုင်ပါသည်။ သင်တန်းကာလမှာ ရက်သတ္တ ၂ ပတ်ဖြစ်ပြီး အသက် ၁၆ နှစ်မှ ၄၀ နှစ်အထိ တက်ရောက်နိုင်ပါသည်။ လိုင်စင်ဓါတ်ပုံ ၂ ပုံ၊ မှတ်ပုံတင်မိတ္တူနှင့် ရပ်ကွက်ထောက်ခံစာများလိုပါသည်။ သင်တန်းကြေးမှာ အသင်းဝင်စက်ရုံများမှ ပို့လွှတ်သူများအတွက် အခမဲ့ဖြစ်ပြီး အပြင်လူများအတွက် တစ်ဦးလျှင် ၄၀,၀၀၀ ကျပ် ဖြစ်ပါသည်။ အခြေခံပညာ အလယ်တန်းအဆင့် ရှိသူဖြစ်ရန် လိုပါသည်။
သင်တန်းရက်နှင့် သင်တန်းအချိန်များမှာ တနင်္ဂလာမှ သောကြာနေ့အထိ မနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ပါသည်။ စနေ၊ တနင်္ဂနွေ သင်တန်းမရှိသေးပါ။ သင်တန်းအတွက် အဆောင်မပေးပါ။ သင်တန်းကျောင်းအနီးတဝိုက် အဆင်ပြေပြေနေနိုင်မည့် အဆောင်များကိုတော့ စုံစမ်းမေးမြန်းပေးပါသည်။ ယောက်ျားလေးများလည်း တက်ရောက်နိုင်ပါသည်။ သို့သော် လူဦးရေ အကန့်အသတ်ရှိပါသည်။
သင်တန်းပြီးဆုံးပြီးနောက် အထည်ချုပ်စက်ရုံတွင် အလုပ်ဝင်ရောက်လုပ်ကိုင်လိုသူများကိုလည်း အထည်ချုပ်စက်ရုံများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိရေး စီစဥ်ဆောင်ရွက်ပေးပါသည်။
IE (Industrial Engineering) သင်တန်းမှာ ဘာတွေသင်သလဲ?
IE သင်တန်းဟုခေါ်သော Industrial Engineering သင်တန်းမှာ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် လိုအပ်သော သင်တန်းဖြစ်ပါသည်။ ၎င်းသင်တန်းတွင် –
- စက်ချုပ်လိုင်းများကို နေရာချထားခြင်းနှင့် စီမံခြင်း (Operation Line Balancing)၊
- စက်ပစ္စည်းများ၏ နေရာနှင့် အကွာအဝေးကို မှန်ကန်ကောင်းမွန်စွာ စီစဥ်နေရာချထားခြင်း (Machine Layout)
- မန်နေဂျာ/ကြီးကြပ်သူ၏ အခန်းကဏ္ဍ (Role of Manager/Suprevisor)
- နည်းပညာပိုင်းဆိုင်ရာများဖြစ်သော QC 7 tools, operation analysis, process analysis, Time study, Motion study, production design, process control, 5S, textile knowledge
- လူသစ်များအား လေ့ကျင့်သင်ကြားခြင်းနှင့်
- အထည်ချုပ်စက်ရုံသို့ ၃ ရက်သွားရောက်၍ လက်တွေ့လေ့လာသင်ကြားခြင်း
တို့သင်ကြားပေးပါသည်။
စက်ချုပ်နဲ့ ပတ်သက်ပြီး အခြား ဘာသင်တန်းတွေ ရှိသေးလဲ?
အထည်ချုပ်လုပ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အောက်ပါသင်တန်းများကိုလည်း အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးပါသည်။
- Adjusting and Tuning Technique training (စက်ချိန်ညှိသင်တန်း)
- အပ်ချုပ်စက်ပြင်သင်တန်း
- QC သင်တန်း
စက်ချုပ်နဲ့ ပတ်သက်တဲ့ သင်တန်းတွေအတွက် ဘယ်ဖုန်းနံပါတ်တွေကို ဆက်သွယ် စုံစမ်းရမလဲ?
MGMA ၏ MGHRDC တွင် သင်ကြားပို့ချပေးလျက်ရှိသော အထည်ချုပ်လုပ်ခြင်း လုပ်ငန်းနှင့် ပတ်သက်သည့် သင်တန်းများအတွက် 09-795405583, 09-784087739 နှင့် 09-450723262 တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
စက်ချုပ်နဲ့ မပတ်သက်တဲ့ အခြား သင်တန်းတွေရော ရှိလား?
ရှိပါသည်။ MGMA ၏ အလုပ်သမားရေးရာနှင့် အခြားဌာနများမှ အလုပ်သမားဥပဒေသင်တန်း၊ အထည်ချုပ်စက်ရုံ HR Manager သင်တန်း၊ CSR (Corporate Social Responsibility) သင်တန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်တန်းနှင့် ဝင်ငွေစီမံခန့်ခွဲမှုသင်တန်း၊ စသည့်သင်တန်းများကို MGHRDC သင်တန်းကျောင်းတွင် အခါအားလျော်စွာ ဖွင့်လှစ် ပို့ချပေးလျက်ရှိပါသည်။
၎င်းသင်တန်းများအတွက် ရုံးဖုန်းများဖြစ်သော 01-2300253, 01-2314829, 09-443399441, 09-443399442 တို့သို့လည်းကောင်း၊ အလုပ်သမားရေးရာအဖွဲ့ဖုန်းနံပါတ်များဖြစ်သော 09-257313341, 09-43127472 နှင့် 09-250656561 တို့သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပွဲအခမ်းအနားနှင့်ပြင်ပဆက်ဆံရေးဆိုင်ရာကိစ္စများ
MGMA က Service Orientation အနေနဲ့ ဘယ်လို Activities နဲ့ Events တွေ လုပ်ပေးပါသလဲ?
MGMA အနေဖြင့် အသင်းသားစုံညီအစည်းအဝေး (AGM)၊ New Members’ Orientation နှင့် Members’ Day တို့ကို နှစ်စဥ်ပုံမှန် ကျင်းပပြုလုပ်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်မှစတင်၍ Made In Myanmar အထည်အလိပ်ပြပွဲကြီးကိုလည်း နှစ်စဥ် ဒီဇင်ဘာလတိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။ ထို့အပြင် Commercial Networking Events များ၊ Buyer Delegation Tour များ၊ နိုင်ငံတကာ Stakeholders တွေ့ဆုံပွဲများ၊ စက်ရုံများသို့ သွားရောက် လေ့လာဖလှယ်သည့် Study and Exchange Tour Program များ အစရှိသော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပြည်ပခရီးစဥ်နှင့် ပြပွဲသွားရောက်ပြသခြင်း ကိစ္စတွေအတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးပါသလဲ?
MGMA အနေဖြင့် Messe Frankfurt မှပြုလုပ်သည့် ပြည်ပအဝတ်အထည်ပြပွဲများတွင် ဝင်ရောက်ပြသခြင်း၊ Buyer Delegation Tour များအဖြစ် တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ စင်ကာပူ အစရှိသော နိုင်ငံများသို့ အသင်းဝင်စက်ရုံများမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်၍ သွားရောက်လေ့လာသော ခရီးစဥ်များ စီစဥ်ဆောင်ရွက်ပေးပါသည်။ ထိုသို့ဖိတ်ခေါ်ရာတွင်လည်း ခရီးစဥ်မတိုင်မီ တစ်လ သို့မဟုတ် နှစ်လ ကြိုတင်၍ Email ၊ Facebook နှင့် Website စာမျက်နှာများမှတဆင့် ဆက်သွယ်ဆောင်ရွက်ပါသည်။
အထည်ချုပ်လုပ်ငန်း တိုးတက်ရေးအတွက် အသင်းအနေနဲ့ ဘယ်လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါသလဲ?
MGMA အနေဖြင့် မြန်မာ့အထည်ချုပ်ကဏ္ဍတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဝတ်အထည်ပြပွဲများတွင် Made in Myanmar အဝတ်အထည်များ ဝင်ရောက်ပြသခြင်း၊ ASEAN Federation of Textile Industries (AFTex) ၏ အသင်းဝင်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ STAR Network (Sustainable Textile of the Asian Region) ကဲ့သို့သော အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ (MOU) များ ရေးထိုး၍ ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
အလုပ်သမားရေးရာ
MGMA အနေနဲ့ အထည်ချုပ်စက်ရုံတွေ အလုပ်သမားဥပဒေ လေးစားလိုက်နာမှုရှိတာ သေချာအောင် ဘယ်လိုလုပ်ဆောင်ပါသလဲ?
MGMA အနေဖြင့် မိမိအသင်းဝင်စက်ရုံများတွင် အလုပ်သမားဥပဒေ လေးစားလိုက်နာခြင်းရှိမှု သေချာစေရန် “မိမိသဘောဆန္ဒအလျောက် အလုပ်သမားဥပဒေ လေးစားလိုက်နာမှု စစ်ဆေးအကဲခြင်း” (Voluntary Labour Compliance Assessment – VLCA) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ VLCA ဆိုသည်မှာ အသင်းဝင်စက်ရုံများအနေဖြင့် မိမိတို့၏ အလုပ်သမားဥပဒေ လေးစားလိုက်နာမှုကို နှစ်စဥ် စစ်ဆေးအကဲဖြတ်မှုခံယူရသော လုပ်ငန်းစဥ်ဖြစ်ပါသည်။ ထို့အပြင် Employers’ Package ဟုခေါ်သော အလုပ်ရှင်များအတွက် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ Employers’ Package ဝန်ဆောင်မှုများတွင် အလုပ်သမား ဥပဒေဆိုင်ရာ အကြံပေးခြင်း၊ စာရွက်စာတမ်းများ ပံ့ပိုးခြင်း၊ သင်တန်းပို့ချပေးခြင်းနှင့် အလုပ်သမားရေးရာ အငြင်းပွားမှုများတွင် ဝင်ရောက်ကူညီဖြေရှင်းပေးခြင်း ဝန်ဆောင်မှုများ ပါဝင်ပါသည်။ ထို့အပြင် အလုပ်သမားဥပဒေဆိုင်ရာ အသိပညာပေးပွဲများ၊ ဆွေးနွေးပွဲများ၊ ကော်ပိုရိတ် လူမှုကျင့်ဝတ်လေးစားလိုက်နာမှု (CSR) ဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။
အလုပ်သမားဥပဒေ သို့မဟုတ် အလုပ်သမားရေးရာ ကိစ္စတွေနဲ့ ပတ်သက်ရင် ဘယ်ကို ဆက်သွယ်မေးမြန်းနိုင်ပါသလဲ?
MGMA သည် အသင်းဝင်စက်ရုံများအား အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အကူအညီပေးနိုင်ရန်အတွက် ဝန်ထမ်းများခန့်ထား၍ “အလုပ်သမားရေးရာအဖွဲ့” ကို ဖွဲ့စည်းထားပါသည်။ ၎င်းအဖွဲ့ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များဖြစ်သော 09-257313341 ၊ 09-43127472 နှင့် 09-250656561 ဖုန်းများသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
VLCA နဲ့ ပတ်သက်ပြီး ဘယ်ကို ဆက်သွယ်မေးမြန်းနိုင်ပါသလဲ? Employers’ Package အတွက် ဘယ်ကို ဆက်သွယ်မေးမြန်းနိုင်ပါသလဲ?
MGMA သည် အသင်းဝင်စက်ရုံများအား အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အကူအညီပေးနိုင်ရန်အတွက် ဝန်ထမ်းများခန့်ထား၍ “အလုပ်သမားရေးရာအဖွဲ့” ကို ဖွဲ့စည်းထားပြီး VLCA နှင့် Employers’ Package တို့ကို ၎င်းအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပါသည်။ 09-257313341 ၊ 09-43127472 နှင့် 09-250656561 ဖုန်းများသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
VLCA ကို မဖြစ်မနေ ဖြေရမှာလား? ဖြေရမယ်ဆိုရင် ဘယ်လိုဖြေရမှာလဲ?
MGMA အသင်းဝင်စက်ရုံများအနေဖြင့် VLCA ကို မဖြစ်မနေဖြေဆိုရမည် ဖြစ်ပါသည်။ VLCA ဖြေဆိုရန်အတွက် MGMA VLCA စာမျက်နှာတွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
MGMA Employers’ Package ဝန်ဆောင်မှုတွေက အလကားလား? ဝန်ဆောင်မှုတွေကို ဘယ်လိုရယူနိုင်ပါသလဲ?
MGMA Employers’ Package သည် အခမဲ့မဟုတ်ပါ။ စက်ရုံ၏ အလုပ်သမားအရေအတွက်အပေါ် မူတည်၍ သင့်တော်သော အခကြေးငွေနှုန်းထား ကောက်ခံပါသည်။ Employers’ Package တွင် ကြည့်ရှုခြင်းဖြင့်လည်းကောင်း၊ 09-257313341 ၊ 09-43127472 နှင့် 09-250656561 ဖုန်းများသို့ဆက်သွယ်မေးမြန်းခြင်းဖြင့်လည်းကောင်း အသေးစိတ်သိရှိနိုင်ပါသည်။
အလုပ်သမားအရေးကိစ္စတွေအတွက် MGMA ကို တိုင်လို့ရသလား?
MGMA အသင်းဝင်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေသော အလုပ်သမားများ၊ စီမံခန့်ခွဲရေးဝန်ထမ်းများအနေဖြင့် အလုပ်သမားဥပဒေချိုးဖောက်ခြင်း သို့မဟုတ် ချိုးဖောက်ခံရခြင်းအတွက် MGMA သို့တိုင်ကြားနိုင်ပါသည်။ Online စာမျက်နှာတစ်ခုဖြစ်သော MGMA Complaint Form တွင် အကြောင်းအရာ ဖြည့်စွက်ပေးပို့ခြင်းဖြင့် တိုင်ကြားနိုင်ပါသည်။
Terms of Membership
1. To be Member
Eligibility
The following individuals or business organizations may apply for membership.
- Whoever sole proprietor, partnership or private and public company limited (Native/Foreign) mainly manufacturing garments with complete necessary work equipments, as members in order for friendly and firmly cooperation between and among the garment manufacturers in Myanmar.
- Any personal from the related businesses associated with garment industry and established under any existing law.
[1] Chapter (1), 5(a) of MGMA Constitution
[2] Chapter (1), 5(a) of MGMA Constitution
Admission
Prospective members must pay the prescribed admission fee and any applicable contributions to the association’s designated sections upon application.
Membership Categories
MGMA offers standard membership to garment manufacturers (factories) and associate members, including suppliers, inspectors, designers, and other stakeholders in the garment industry.
2. Benefits of Membership
MGMA membership offers a range of benefits and services. services.
3. Membership Responsibility
All MGMA Members are subject to the terms & conditions below:
- Must pay annual membership fees as determined by the association. The fees must be paid within the stipulated timeframe to maintain active membership status.
- Must pay additional fees for specific services as determined by the association. The fees includes but not limited to the fees of application for import license recommendation, training fees, etc.
- Member factories must ensure that minimum 70% of imported raw materials has been exported after manufacturing finished goods in any given year. Members falling short of this limit will be ineligible to process import license recommendation applications through the MGMA Online System. (Requirement from CMP Monitoring Committee)
- Must complete and submit the VLCA Submission Form annually, demonstrating compliance with national labor laws and international labor standards. Renewal of membership requires the successful submission and assessment of the VLCA.
- Must diligently perform duties assigned by the association, utilizing both physical and intellectual capabilities. Adherence to MGMA’s regulations, codes of conduct, and ethical standards is mandatory.
- Must contribute industry-related information collected by the association.
- Members are responsible for promptly updating the association with any changes in their operational status or contact information in timely manner.
- Members must diligently perform duties assigned by the association, utilizing both physical and intellectual capabilities. Adherence to MGMA’s regulations, codes of conduct, and ethical standards is mandatory.
- Members are responsible for contribution to the association’s initiatives aimed at industry development and compliance enhancement.
- Members are expected to actively participate in events organized by MGMA, including meetings, workshops, and training sessions.
Non-compliance with the terms of membership may result in disciplinary actions, including suspension or termination of membership.
