စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်သင့် ဘုန်းကြီးကျောင်းများ နှင့် သီလရှင်စာသင်တိုက်များအတွက် ကျောင်းဆောင်သစ် လှူဒါန်းမှုရေစက်ချအခမ်းအနား
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) နှင့် အသင်းသားများ၏ လှူဒါန်းငွေများဖြင့် လှူဒါန်းခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်သင့် ဘုန်းကြီးကျောင်းများ နှင့် သီလရှင်စာသင်တိုက်များအတွက် ကျောင်းဆောင်သစ် လှူဒါန်းမှုရေစက်ချအခမ်းအနားနှင့် ဆောက်လုပ်ဆဲ ကျောင်းဆောင်များနှင့်ရေကန်များ၏အခြေအနေများကို MGMA ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များမှသွားရောက်ကြည့်ရှုခြင်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည်။
အလုပ်အမှုဆောင်အဖွဲ့ဝင်များအနေဖြင့် ပုညသဟာယ ဓမ္မာရုံ ဆောက်လုပ်ပြီးစီးခြင်း ရေစက်ချ အခမ်းအနားကို ချမ်းအေးသာစံ သီလရှင်စာသင်တိုက်တွင် ပြုလုပ်ခဲ့ပြီး ကန်သုံးဆင့်ကျောင်းတိုက်ရှိ ဘတ္တဂ္ဂမဥ္ဇရီ ကျောင်းဆောင်နှင့်ရေကန် ဆောက်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ သန္တာရုံ ဘုန်းကြီးကျောင်း ရှိ ကျောင်းဆောင်များနှင့်ရေကန်များ ဆောက်လုပ်နေမှု အခြေအနေများကိုလည်းကောင်း သွားရောက် ကြည့်ရှုခဲ့ကြသည်။





















