JUKI ကုမ္ပဏီမှ ဆရာများ သင်ကြားပေးမည့် စက်ပြင်သင်တန်းဖွင့်မည်
JUKI ကုမ္ပဏီမှ ဆရာများ သင်ကြားပေးမည့် စက်ပြင်သင်တန်း (Technical Basic Training Program)အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်မှ ၂၀ ရက်ထိ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (MGHRDC) ၌ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
သင်တန်းတွင် single needle machine, double needle machine, overlock 4 thread machine, control box system များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အထည်ချုပ်စက်ရုံများမှ စက်ပြင်ဆရာများ တက်ရောက်သင့်သည့် သင်တန်းတစ်ခုပါ။
သင်တန်းချိန်မှာ မနက် ၉ နာရီမှ ညနေ ၄ နာရီထိဖြစ်ပြီး သင်တန်းကြေး တစ်သိန်းကျပ် ကျသင့်မှာပါ။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဖုန်း-09795405583, 09450723262 အမှတ်-၄၀၀/ခ၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့ နယ်။ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မှာဖြစ်ပါတယ်။

