Helping Hand Program

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) နှင့် အသင်းသားများ၏ လှူဒါန်းငွေများကို ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များလုပ်ဆောင်ရန်အတွက် ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းတို့ကို ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းအပ်နှံခြင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းထိုင် ဘုန်းတော်ကြီးများနှင့် အလှူလက်ခံမည့်အိမ်ရှင်များ နှင့် MGMA CSR Team မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက် နှင့် ၁၂ ရက်များတွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များကိုဆောင်ရွက်ပေးရန် ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းအနေဖြင့် ပွဲစားကုန်းကျေးရွာ၊ မြောင်းဝကြီးကျေးရွာ၊ အိုင်ထောင့်ကြီးကျေးရွာ၊ ကြေးစားကုန်းကျေးရွာ များတွင် ဝါးအိမ် (၁၆)လုံးတည်ဆောက်ပေးရန်၊ ပွဲစားကုန်းကျေးရွာတွင် ရေတွင်းတူးခြင်းနှင့် ရေကန်ဆောက်လုပ်သည့်လုပ်ငန်းစဥ်များ ကျေးရွာ (၁၈)ရွာ ရေရရှိရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးနေမှုများကို သွားရောက် ကြည့်ရှုခဲ့ကြပြီး စီမံကိန်းအထမြောက်ရန် နှင့် သဘောတူစာချုပ်များ ချုပ်ဆိုရန် အစည်းအဝေးများကိုလည်းတက်ရောက်ခဲ့ကြသည်။ ထို့ပြင် အင်းလေး၊ ဖောင်တော်ဦးဘုရားရှိ ဆရာတော်အား ငွေသားတစ်သိန်းကျပ်အားလည်းကောင်း၊ ညောင်ဝန်းကြီးဘုန်းတော်ကြီးကျောင်းတွင် ပြိုကျပျက်စီးခဲ့သောအနောက်ဖက်ကျောင်းဆောင် ပြန်လည်တည်ဆောက်ရန် မတည်အလှူငွေ သိန်း (၁၀၀) တို့ကိုလည်းကောင်း လှူဒါန်းခဲ့ကြသည်။


















