Helping Hand Program

Helping Hand Program

MGMA ၏ နောက်ဆက်တွဲ Helping Hand Program အဖြစ် မန္တ‌လေးတိုင်းဒေသကြီးအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ ဦးဆောင်၍ မန္တလေးတိုင်းဒေသကြီး, ကျောက်ဆည်ခရိုင်,စဥ့်ကိုင်မြို့နယ်ရှိ ငလျင်ဒဏ်သင့် ရွာ ၃ ရွာဖြစ်သော တဘက်ဆွဲရွာ- စွန္နီဂျာမေဗလီ၊ ဟင်းငူရွာ- စိန်ဗလီ နှင့် ကျောက်ဗလီ၊ ခန်လူးရွာ- ဂျာမေ့ဗလီ အလှူပစ္စည်းအိတ်များ နှင့် ရွှေကျီး (ရန်ကုန်) မှ ငွေကျပ်တန်ဖိုး (၄,၅၀၀,၀၀၀) ရှိ မုန့်ဖာ ၅၀ ကို မနောကြာဖြူလူမှုကူညီရေးအသင်းကား အကူအညီဖြင့် ၂၃.၄.၂၀၂၅ တွင် သွားရောက်မျှဝေလှူဒါန်းပေးခဲ့ပါသည်။
လှူဒါန်းမှုတွင် ဆန်၊ ဆီ၊ ဆေး ပစ္စည်း (၃) မျိုး ပါဝင်သောအလှုပစ္စည်းအိတ် ၄၉ အိတ် အားလည်းကောင်း၊ ဗလီဆရာတော်ကြီးများအား ဆန်၊ ဆီ၊ ဆေး၊ အမိုး၊ အခင်း၊ ဆိုလာမီးအိမ် ပစ္စည်း (၆) မျိုး ပါဝင်သောအလှုပစ္စည်းအိတ် ၄ အိတ် အားလည်းကောင်း နီလာကုန်မျိုးစုံဖြန့်ချိရေးမှလည်း ပုဝါများ နှင့် တီရှပ်အင်္ကျီများအားလည်းကောင်း ပါဝင်လှူဒါန်းပေးခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး, အမရပူရမြို့နယ်ရှိ ဗုံးအိုးရွာ ဗလီဆရာတော်ကြီးထံ ဆန်၊ ဆီ၊ ဆေး၊ အမိုး၊ အခင်း၊ ဆိုလာမီးအိမ် ပစ္စည်း (၆) မျိုး ပါဝင်သောအလှုပစ္စည်းအိတ် ၂ အိတ်, ဆန်၊ ဆီ၊ ဆေး ပစ္စည်း (၃) မျိုး ပါဝင်သောအလှုပစ္စည်းအိတ် ၁ အိတ် အား ၂၅.၄.၂၀၂၅ တွင်သွားရောက်လှူဒါန်းခဲ့ပါသည်။

1
2
viber_image_2025-04-25_19-53-15-404
viber_image_2025-04-25_19-53-56-043