၂၀၂၀ ခုနှစ်၏ (၇)ကြိမ်မြောက် (၇/၂၀၂၀) Executive Committees (ECs) အစည်းအဝေးကျင်းပခဲ့ခြင်း

၂၀၂၀ ခုနှစ်၏ (၇)ကြိမ်မြောက် (၇/၂၀၂၀) Executive Committees (ECs) အစည်းအဝေးကျင်းပခဲ့ခြင်း

၂၀၂၀ ခုနှစ်၏ (၇) ကြိမ်မြောက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) Executive Committees (ECs) အစည်းအဝေးကို စက်တင်ဘာလ(၁၂) ရက်နေ့ ၂၀၂၀ တွင် အွန်လိုင်း(Zoom Application)မှ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် MGHRDC သင်တန်းကျောင်းမှ သင်တန်းပို့ချနေမှုများကို တိုးတက်အောင် ဆောင်ရွက် နေမှုများ၊ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ပြုလုပ်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည့် အကြောင်းအရာများအစရှိသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို MGMA ၏ Managing Director မှ စီစဉ်ဆောင်ရွက်ပြီး ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှုး၊ ဗဟိုအလုပ်အမှုဆောင်၊အလုပ်အမှုဆောင်များ၊စုစုပေါင်း အယောက်(၂၀)တက်ရောက်ခဲ့ ကြပါသည်။