အင်းလေးဒေသရှိ CSR လုပ်ငန်းစဥ်များအောင်မြင်ပြီးစီးခြင်း

အင်းလေးဒေသရှိ CSR လုပ်ငန်းစဥ်များအောင်မြင်ပြီးစီးခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) နှင့် အသင်းသား/သူ များ ၏ လှူဒါန်းငွေ ကူညီပံ့ပိုးမှုများဖြင့် ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များဖြစ်သော ပွဲစားကုန်းကျေးရွာ၊ မြောင်းဝကြီးကျေးရွာ၊ အိုင်ထောင့်ကြီးကျေးရွာ၊ ကြေးစားကုန်းကျေးရွာ အစရှိသော ရွာ‌ (၄) ရွာရှိ အိမ်ပေါင်း (၁၆) လုံးအားလည်းကောင်း၊ ပွဲစားကုန်းကျေးရွာ၌ ရေတွင်းတူးခြင်း နှင့် ရေစင်ဆောက်လုပ်ခြင်း၊ ညောင်ဝန်းဘုန်းကြီးကျောင်း အား ပြန်လည်ဆောက်လုပ်ရန် မတည်ငွေ သိန်း ၁၀၀ လှူဒါန်းခြင်း နှင့် တောင်ပေါ် ရေထွက်မှတဆင့် ‌‌ညောင်ဝန်းကျောင်းသို့ ‌ရေပိုက်သွယ်တန်းလှူဒါန်းခြင်း လုပ်ငန်းစဥ်များ ပြီးမြောက်အောင်မြင်၍ ရေစက်ချလှူဒါန်းပွဲ အခမ်းအနားကို ညောင်ဝန်းကျောင်းတိုက်၌ MGMA CSR အဖွဲ့မှ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ အလှူလုပ်ငန်းစဥ်များကို အကျိုးရှိစွာ အသုံးပြုလျှက်ရှိသော ရွာသူ ရွာသားများနှင့် တာဝန်ယူကြီးကြပ်ပေးကြသော ရပ်မိရပ်ဖများ နှင့် ဝန်းရံမှူး ပရဟိတ အဖွဲ့မှ တက်ရောက်ခဲ့ကြပါသည်။