စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်သင့် ဘုန်းကြီးကျောင်းများ နှင့် သီလရှင်စာသင်တိုက်များကို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များလုပ်ဆောင်ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) နှင့် အသင်းသားများ၏ လှူဒါန်းငွေများဖြင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်သင့် ဘုန်းကြီးကျောင်းများ နှင့် သီလရှင်စာသင်တိုက်များကို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များလုပ်ဆောင်ရန်အတွက် MGMA CSR Team မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်တွင် သွားရောက်ကာ ပန္နက်ရိုက် ရေစက်ချခြင်းများကို ပြုလုပ်ခဲ့သည်။
ငလျင်ဒဏ်ကြောင့် ကျောင်းတိုက်များ ပြိုကျပျက်စီးဆုံးရှုံးခဲ့သော ဥမင်ကိုးဆယ် ကျောင်းဆောင်၊ ကန်သုံးဆင့်ကျောင်းတိုက်၊ ၊ သန္တာရုံ ဘုန်းကြီးကျောင်း များ နှင့် သီလရှင်စာသင်တိုက်အချို့ကို တန်ဖိုးမြင့် ကျောင်းဆောင်အဆောက်အဦ (၁)လုံး၊ တန်ဖိုးသင့် ကျောင်းဆောင် (၄)လုံး နှင့် ရေကန် (၃)လုံးကိုပြန်လည်ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ကျောင်းဆောင်များပြီးစီးပါက ဦးဇင်း (၂၇)ပါး နှင့် ကိုရင် (၄၃) ပါး နှင့် သီလရှင် (၁၆) ပါးခန့် သီတင်းသုံးနေထိုင်နိုင်မည်ဖြစ်သည်။



















