လုပ်ငန်းခွင်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး(Occupational Safety and Health) ပထမအကြိမ် အွန်လိုင်းသင်တန်းကျင်းပခဲ့ခြင်း

လုပ်ငန်းခွင်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး(Occupational Safety and Health) ပထမအကြိမ် အွန်လိုင်းသင်တန်းကျင်းပခဲ့ခြင်း

LIFT Myanmar ၏ပံ့ပိုးကူညီမှု ActionAid Myanmar မှ Safe Migration for Decent Work in the Peri-Urban Areas of Yangon (SECURE) စီမံကိန်းအကောင်အထည်ဖော်လျက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှကြီးမှုးကျင်းပသော လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health)သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ အွန်လိုင်းမှ တစ်ဆင့် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ပါသည်။ သင်တန်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာအထည်ချုပ်စက်ရုံများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ပြုလုပ် ဆောင်ရွက်ထားသင့်သောအချက်များ၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သောဥပဒေများ၊ ‌ဘေးအန္တရာယ်အကဲဖြတ်မှုများ(Risk Assessments)၊ စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍စီမံခန့်ခွဲမှုများ၊ Safety toolbox များ အကြောင်းကို ပိုမိုသိရှိစေရန် ဖြစ်ပါသည်။ MGMA၏ တာဝန်ရှိသူများမှ ပထမဆုံးကျင်းပပြုလုပ်သော အွန်လိုင်းသင်တန်းတွင် ကြိုဆိုနှုတ်ခွန်းဆက်ခြင်းနှင့် သင်တန်းဆင်းအမှာစကားများ ချီးမြှင့်ပြောကြားပေးကြပြီး အဆိုပါ(၄) ရက်သင်တန်းသို့ အထည်ချုပ်လုပ်ငန်းစက်ရုံများမှ စုစုပေါင်း (၃၀) ယောက် တက်ရောက် သင်ကြားခဲ့ပါသည်။