CO Form နှင့် GSP Form များ လျှောက်ထားရာတွင် လုပ်ထုံးလုပ်နည်းနှင့် အညီ လျှောက်ထားကြပါရန် အသိပေးအကြောင်းကြားခြင်း

CO Form နှင့် GSP Form များ လျှောက်ထားရာတွင် လုပ်ထုံးလုပ်နည်းနှင့် အညီ လျှောက်ထားကြပါရန် အသိပေးအကြောင်းကြားခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ CO Form နှင့် GSP Form များ လျှောက်ထားရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားကြပါရန် အသိပေးအကြောင်းကြားစာကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၀) ရက်တွင် ထုတ်ပြန် ခဲ့ပါသည်။ ကုမ္ပဏီများမှ Online CO Application System ဖြင့် CO Form နှင့် GSP Form များ လျှောက်ထားခြင်းကို ကုန်သွယ်ရေးဦးစီးဌာနမှ လက်ခံဆောင်ရွက်ပေးရာ တွင် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် စာရွက်စာတမ်းများ၊ လုပ်ထုံးလုပ် နည်းများကို ဖြေလျော့ဆောင်ရွက်ပေးခဲ့ပါသည်။ သို့ရာတွင် ကုမ္ပဏီများ (သို့) ဝန်ဆောင်မှုပေးသည့် Agent များသည် ဌာနဆိုင်ရာ စာရွက်စာတမ်းများကို ခွင့်ပြုချက်မရဘဲအခွင့်အရေးအဖြစ်အသုံးချ၍ အလွယ်တကူပြင်ဆင်လျှောက်ထား မှုများ ရှိသောကြောင့် ကုမ္ပဏီ၏ ပုံရိပ်များကျဆင်း ပြီး ကုမ္ပဏီလုပ်ငန်းများ ပိတ်သိမ်းခံရသည်အထိ အရေးယူခံရမှုမျိုး ရှိလာနိုင်သော ကြောင့် လေးစားလိုက်နာဆောင်ရွက်ကြရန် အသိပေးအကြောင်းကြားအပ်ခြင်း ဖြစ်ပါသည်။