စက်ရုံတွင် မိမိအစိအစဉ်ဖြင့် COVID – 19 ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ မလုပ်ကြရန် အသိပေးညွှန်ကြားခြင်း

စက်ရုံတွင် မိမိအစိအစဉ်ဖြင့် COVID – 19 ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ မလုပ်ကြရန် အသိပေးညွှန်ကြားခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ စက်ရုံတွင် မိမိအစီ အစဉ်ဖြင့် COVID – 19 ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ မလုပ်ကြရန် အသိပေးညွှန် ကြားချက်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၃) ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် လမ်းညွှန်ချက် Version 4.0 နှင့် Version 4.1 တို့ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သော‌ကြောင့်စက်ရုံ၊အလုပ်ရုံနှင့်လုပ်ငန်းများအနေဖြင့်မိမိအစီအစဉ်ဖြင့် COVID – 19 ‌ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အတွက် ခွင့်ပြုထားခြင်းမရှိသောကြောင့် လုံးဝဆောင်ရွက်ခြင်းမပြု လုပ်ကြရန်အတွက် အသိပေးညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။