COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ‌စေရန် ပြည်သူများ နေအိမ်တွင် နေထိုင်‌ရေး ပန်ကြားချက်

COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ‌စေရန် ပြည်သူများ နေအိမ်တွင် နေထိုင်‌ရေး ပန်ကြားချက်

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများ နေအိမ်တွင် နေထိုင်ရေး ပန်ကြားချက်တွင် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ (၅) ရက်နေ့အထိ ပိတ်သိမ်းရန် ညွှန်ကြားချက် (သို့မဟုတ်) အမိန့်၊ ပန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၂၀) ရက်နေ့တွင် ရှင်းလင်းခဲ့ပါသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၁၉) ရက်တွင် ထုတ်ပြန်ခဲ့သော “COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများ နေအိမ်တွင် နေထိုင်ရေး” COVID-19 ရောဂါ ပိုမိုကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းမပြုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့၏ နေထိုင်ရာ နေအိမ်များတွင်သာ တတ်နိုင်သမျှနေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ခြင်းဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံများအနေဖြင့် နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၅) ရက်နေ့အထိ ပိတ်သိမ်းရန် ညွှန်ကြားချက် (သို့မဟုတ်) အမိန့်၊ ပန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိကြောင်းကို ရှင်းလင်းခြင်းဖြစ်ပါသည်။ ထို့အပြင် စက်ရုံ၊ အလုပ်ရုံများတွင် တန်ဆောင်တိုင်ပွဲတော်ကာလကထိန်အလှူပွဲများပြုလုပ်တဲ့ အလေ့အထရှိကြ သော ကြောင့် လူစုလူဝေး ဖြစ်ပေါ်ခြင်း မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်ခြင်းဖြစ်ပါသည်။