မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ လုပ်ငန်းစစ်တမ်း (Position Paper)နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ လုပ်ငန်းစစ်တမ်း (Position Paper)နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ လုပ်ငန်းစစ်တမ်း(Position Paper)နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ကျင်းပခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် လုပ်ငန်းစစ်တမ်း(Position Paper) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို ဦးကျော်ဇင်ထွန်း(CEO, Arrow Media
) မှ ပြုလုပ်ခဲ့ပြီး လုပ်ငန်းစစ်တမ်းနှင့် ပတ် သက်၍ ပြည်ပနိုင်ငံများမှ တွေ့ရှိချက် များကို ရှင်းလင်းတင်ပြခြင်းများ အစရှိသည်တို့ကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ‌ဒေါ်ခိုင်ခိုင်နွယ် မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာများမှ COVID – 19 ကြောင့် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ပြည်ပတင်ပို့မှုများတွင် ထိခိုက်မှုများ၊ COVID – 19 အလွန် တွင် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ပြန်လည်ဖွင့်လှစ်ရန်အတွက် ပြင်ဆင်ထားမှုများ၊ ကိုဗစ် ကာလတွင် ရန်ကုန်တိုင်းအတွင်း အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှီးမှုဝင်ရောက်မှုများ ဆုံးရှုံးနစ်နာမှု များ အစရှိသည်တို့ကို မေးမြန်းခဲ့ပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူး ‌ဒေါ်ခိုင်ခိုင်နွယ် မှ ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ သတင်းမီဒီယာ (၁၈) ယောက်အပါအဝင် စုစုပေါင်း(၃၂)ယောက် တက်ရောက်ခဲ့ကြပါသည်။
Arrow Media