AFTEX webinar အစည်းအဝေး ကျင်းပခဲ့ခြင်း

AFTEX webinar အစည်းအဝေး ကျင်းပခဲ့ခြင်း

ASEAN Federation of Textile Industries (AFTEX) webinar အစည်းအဝေးကို ၂၄ ရက်နေ့ ဇူလိုင် ၂၀၂၀ မနက်ပိုင်းတွင် ကျင်းပခဲ့ပါပြီး အာဆီယံနိုင်ငံ (၉) နိုင်ငံမှ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးကို AFTEX ၏ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီးစတင်ခဲ့ပါသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော အာဆီယံနိုင်ငံအသီးသီးမှချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်းရှင်များအသင်းများမှ မိမိတို့၏နိုင်ငံများအနေဖြင့် COVID – 19 ကာလအတွင်းတွင် ကြုံတွေ့နေရသည့် ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်းများနှင့် ပတ်သက်သောပြသာနာများကို အသီးသီးပြောကြားဆွေးနွေးသွားခဲ့ကြပါသည်။ ထို့နောက် COVID -19 ကာလအတွင်းနှင့် ကာလအလွန်တွင် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ကြုံတွေ့ရနိုင်သောပြသာနာများကို မည့်သို့ ဖြေရှင်းသင့်ကြောင်း၊နောက်ပိုင်း အထည်ချုပ်လုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်သင့်ကြောင်း၊ အာဆီယံနိုင်ငံများအနေဖြင့် နိုင်ငံတကာမှ ဝယ်ယူများနှင့် စျေးကွက်များကို ထပ်မံချဲထွင်သင့်ကြောင်း၊ AFTEX နှင့် အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံအထည်ချုပ်လုပ်ငန်းများထပ်မံတိုးတက်အောင်ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း အစရှိသည်တို့ကိုဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ CEC/ECs များမှလည်း ဝင်ရောက်ဆွေးနွေးခဲ့ကြပါသည်။