ယာယီရပ်နားထားသောကာလအတွင်း အလုပ်သမားများအား လစာပေးငွေထုတ်ပေးနိုင်ရေး အသိပေးအကြံပြုချက်

ယာယီရပ်နားထားသောကာလအတွင်း အလုပ်သမားများအား လစာပေးငွေထုတ်ပေးနိုင်ရေး အသိပေးအကြံပြုချက်

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ယာယီရပ်နားကာလ အတွင်း အလုပ်သမားများအား လစာငွေထုတ်ပေးနိုင်ရေး အသိပေးအကြုံပြုချက်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၇) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) များ အနေဖြင့် ၈.၁၀.၂၀၂၀ ရက်မှ ၂၁.၁၀.၂၀၂၀ ရက်နေ့အထိ ဆက်လက်ရပ်နားထားရမည်ဖြစ်သောကြောင့်ယခင် စီစဉ်ထားသည့်ရက်တွင် အလုပ်သမားများအား လုပ်ခလစာထုတ်ပေးရန် အခက်အခဲ ဖြစ်သွားကြသောကြောင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အသင်းဝင် စက်ရုံများ အနေဖြင့် ယာယီရပ်နားထားသောကာလအတွင်း မိမိအလုပ်သမားများအား လုပ်ခလစာများထုတ်ပေးနိုင်ရန်အတွက် အသိပေးကြော်ငြာစာတွင် အလုပ်သမားများ အား စက်ချုပ်လိုင်းအလိုက်ဖြစ်စေ၊ ဌာနအလိုက်ဖြစ်စေ အုပ်စုခွဲ၍ သုံးရက်မှ ငါးရက် အထိခွဲ၍ ထုတ်ယူခိုင်းခြင်း၊ ထုတ်ယူရာတွင်လည်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်‌ရေး မှုးရုံးသို့ အသိပေးအကြောင်းကြားပြီး ခွင့်ပြုချက်ယူကြရန်နှင့် လစာထုတ်ပေးမည့် အစီအစဉ်အား သက်ဆိုင်ရာ စက်မှုဇုန်စီမံခန့်ခွဲရေးမှုးရုံး၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနရုံးနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသို့ အသိပေးအကြောင်းကြားစာပေးပို့ရန် အစရှိသော အချက်များကို ထည့်သွင်းဖော်ပြ ထားပါသည်။