မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် Korea Garment Association in Myanmar (KOGAM)မှ Oxygen Concentratorလှူဒါန်းခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် Korea Garment Association in Myanmar (KOGAM)မှ Oxygen Concentratorလှူဒါန်းခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် အသင်းဝင် Korea Garment Association in Myanmar (KOGAM) ကိုရီးယားအထည်ချုပ်အသင်းမှ အင်းစိန်ပြည်သူ့ဆေးရုံသို့ စုစုပေါင်းတန်ဖိုး ကျပ် ၈,၅၀၀,၀၀၀/- (ကျပ်ငွေ ရှစ်ဆယ့်ငါးသိန်းတိတိ) တန်ဖိုးရှိ Oxygen Concentrator (၅) လုံးကို ၂၄.၈.၂၀၂၁ (အင်္ဂါနေ့) တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။ အင်းစိန်ပြည်သူ့ဆေးရုံမှ သက်ဆိုင်ရာ ဆရာဝန်များမှ အလှူပစ္စည်းကို လက်ခံခဲ့ပြီး ဂုဏ်ပြုလွှာမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ပါသည်။