အချိန်ပို(Overtime) ကိစ္စ အကြောင်းကြားခြင်း

အချိန်ပို(Overtime) ကိစ္စ အကြောင်းကြားခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ အသင်းဝင်စက်ရုံများ အတွက် အကောက်ခွန်ဦးစီးဌာနမှ အချိန်ပို(Overtime)ကိစ္စနှင့်ပတ်သက်၍ အကြောင်း ကြားစာကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အကြောင်းကြားစာတွင် အသင်းဝင်စက်ရုံများအနေဖြင့် ၂၉.၁၀.၂၀၂၀ မှ ၂.၁၁.၂၀၂၀ အထိ သီတင်းကျွတ်ပိတ်ရက် (၅) ရက်အတွင်းတွင် CMP သွင်းကုန်/ပို့ကုန် များအား ၂၉.၁၀.၂၀၂၀ (ကြာသပတေးနေ့) တွင် ရုံးလုပ်ငန်းဆိုင်ရာကိစ္စများ၊ ဆိပ်ကမ်း ရှင်းလင်းရေးလုပ်ငန်းများနှင့် ၃၀.၁၀.၂၀၂၀ (သောကြာနေ့) တွင် ဆိပ်ကမ်းရှင်းလင်း ရေး လုပ်ငန်းများကို နံနက် (၉း၃၀)မှ နေ့လည် (၂း၀၀) အတွင်းတွင် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားပါသည်။