လူမှုဖူလုံ‌ရေးအဖွဲ့မှ ထုတ်ပေးသည့် SSB ၄၀% ထောက်ပံ့ငွေနှင့် ပတ်သက်၍ အသိပေးခြင်း

လူမှုဖူလုံ‌ရေးအဖွဲ့မှ ထုတ်ပေးသည့် SSB ၄၀% ထောက်ပံ့ငွေနှင့် ပတ်သက်၍ အသိပေးခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ လူမှုဖူလုံရေးအဖွဲ့မှ ထုတ်ပေးသည့် SSB ၄၀% ထောက်ပံ့ငွေနှင့် ပတ်သက်၍ အသိပေးချက်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ကျန််းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၄.၉.၂၀၂၀ မှ ၇.၁၀.၂၀၂၀ အထိ ယာယီပိတ်သိမ်းထားရချိန် တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် – ၁၉၆/၂၀၂၀နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ ထုတ်ပြန် ချက် တို့နှင့် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအားလုံးသည် SSB ထောက်ပံ့ငွေ ၄၀% ကို ရရှိမည်ဖြစ်ပါသည်။