လုပ်ငန်းခွင်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health) ဒုတိယအကြိမ် အွန်လိုင်းသင်တန်း ကျင်းပခဲ့ခြင်း

လုပ်ငန်းခွင်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health) ဒုတိယအကြိမ် အွန်လိုင်းသင်တန်း ကျင်းပခဲ့ခြင်း

LIFT Myanmar program ၏ ပံပိုးကူညီမှု ActionAid Myanmar မှ Safe Migration for Decent Work in the Peri-Urban Areas of Yangon (SECURE) စီမံကိန်းအကောင်အထည်လျက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) ကြီးမှုးကျင်းပသော လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health)သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့မှ (၂၄)နေ့အထိ အွန်လိုင်းမှ တစ်ဆင့် ဒုတိယအကြိမ် ထပ်မံကျင်းပခဲ့ပါသည်။သင်တန်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာအထည်ချုပ် စက်ရုံ များတွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ပြုလုပ် ဆောင်ရွက်ထား သင့်သောအချက်များ၊ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သော ဥပဒေများ၊ ‌ဘေးအန္တရာယ် အကဲဖြတ်မှုများ(Risk Assessments)၊ စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက် ၍စီမံခန့်ခွဲမှုများ၊ Safety toolbox များ အကြောင်းကို ပိုမိုသိရှိစေရန် ဖြစ်ပါသည်။ MGMA၏ တာဝန်ရှိသူများမှအဆိုပါကျင်းပပြုလုပ်သောအွန်လိုင်းသင်တန်းတွင် ကြိုဆို နှုတ်ခွန်းဆက်ခြင်းနှင့် သင်တန်းဆင်းအမှာစကားများ ချီးမြှင့်ပြောကြားပေးကြပြီး အဆိုပါ(၄) ရက်သင်တန်းသို့ အထည်ချုပ်လုပ်ငန်းစက်ရုံများမှ စုစုပေါင်း (၃၀) ယောက် တက်ရောက် သင်ကြားခဲ့ကြပါသည်။