ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လိုသော အသင်းဝင်စက်ရုံများအား ကနဦးသိရှိရသောသတင်းအချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး ညွှန်ကြားချက်များကို အသိပေးမျှဝေခြင်း

ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လိုသော အသင်းဝင်စက်ရုံများအား ကနဦးသိရှိရသောသတင်းအချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး ညွှန်ကြားချက်များကို အသိပေးမျှဝေခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) မှ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်လိုသော အသင်းဝင်စက်ရုံများအား ကနဦးသိရှိရသော သတင်းအချက်အလက် များနှင့် လိုက်နာဆောင်ရွက်ရမည့် Coronavirus Disease (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညွှန်ကြားချက်များကို အသိပေးချက်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အမိန့်အမှတ် ၁၁၃/၂၀၂၀ အရ ထပ်တိုးခဲ့သည့် ၈.၁၀.၂၀၂၀ ရက်နေ့မှ ၂၁.၁၀.၂၀၂၀ ရက်နေ့အထိ ကုန်ကြမ်းယူ၊ ကုန်ချောပေး လုပ်ငန်းဆောင်ရွက်ကြသော (CMP) စက်ရုံ၊ အလုပ်ရုံများသည် ယာယီ ရပ်နားထားခဲ့ကြပါသည်။ သို့သော် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ လိုက်နာ‌ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးပြီး အဆင့် A ရရှိအောင် ပြင်ဆင် ထားပါက စက်ရုံ၊ အလုပ်ရုံများ၊ အသေးစားအလတ်စားလုပ်ငန်းများအနေဖြင့် ၁၂.၁၀.၂၀၂၀ နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ရကြပြီဖြစ်ပါသည်။ လုပ်ငန်းများ အဆင့် A ရရှိပြီး ပြန်လည်ဖွင့်လှစ် နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန် ချက် Version 4.0 နှင့် 4.1 တို့ကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး လိုက်နာမှု အဆင့် A မရရှိပါကပြန်လည်ပြင်ဆင်ရမည်ဟု ကနဦးသိရှိကြောင်း ဖော်ပြထားပါသည်။