ကုန်ကြမ်းယူ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP)စက်ရုံ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား (၈.၁၀.၂၀၂၀)မှ (၂၁.၁၀.၂၀၂၀)ထိ လုပ်ငန်းခွင် သွားရောက်ခွင့် မပြုကြောင်း ထပ်မံထုတ်ပြန်ချက်

ကုန်ကြမ်းယူ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP)စက်ရုံ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား (၈.၁၀.၂၀၂၀)မှ (၂၁.၁၀.၂၀၂၀)ထိ လုပ်ငန်းခွင် သွားရောက်ခွင့် မပြုကြောင်း  ထပ်မံထုတ်ပြန်ချက်

ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနမှ ကုန်ကြမ်းယူ၊ ကုန်‌ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP)စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်း ဆောင်မည့်သူများအား (၈.၁၀.၂၀၂၀)မှ (၂၁.၁၀.၂၀၂၀)ထိ လုပ်ငန်းခွင် သွားရောက်ခွင့် မပြုကြောင်း ထပ်မံထုတ်ပြန်ချက် (အမိန့်အမှတ် ၁၁၃/၂၀၂၀)ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ထုတ်ပြန်ကြော်ငြာခဲ့ပါသည်။အဆိုပါ ထုတ်ပြန်ချက် တွင် လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် COVD – 19 ရောဂါ အတည်ပြုလူနာများ ပိုမိုတွေ့ရှိခြင်း၊ COVID – 19 ရောဂါ ကူးစက်ခံထားရသော်လည်း မည့်သည့် ရောဂါလက္ခဏာကိုမျှ မပြသေးသဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှား လုပ်ကိုင်နေသူများကြောင့် ရောဂါဖြစ်ပွားမှုပျံ့နှံ့နှုန်း မြင့်မားသွားနိုင်သောကြောင့် (၂၁.၁၀.၂၀၂၀) ထိ ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်းကို ထည့်သွင်းဖော်ပြထားပါသည်။